MNP ၊ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအနီး သာစည်-တောင်ကြီးသွားကားလမ်းတွင် ထွန်းမြင့်ဦး မောင်းနှင်ပြီး ဝေဖြိုးကျော်လိုက်ပါလာသည့် Dongfeng ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ ဓာတုပစ္စည်း Phenol Loose Crystals ၂၁ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ တရားမဝင်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment