စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖတိတီးပေးရေးလုပ်ငန်းကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေးအတွက် ဆောင်ရွက်ရာမှာ အလုပ်လုပ်ကိုင်နိုင်သော ကလေးများ လုပ်ငန်းခွင်မှ ဖော်ထုတ်ဖယ်ရှားရုံသက်သက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဘဲ ဥပဒေအရ အကာအကွယ်ပေးခြင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ မိသားစုအလိုက် ဝင်ငွေတိုးတက်ရရှိရေး လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်းတို့ကို အရပ်ဘက်လူမှု အဖွဲ့အစည်းအားလုံးက ဆောင်ရွက်ကြမှသာ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ လက်ခံ ပေးခဲ့သည်။


ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက သင်တန်းမှ ရရှိခဲ့သည့် ထုတ်ကုန်များကို သင်တန်းသား များအား ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံပေးခဲ့ပြီး သင်တန်းမှ ရရှိခဲ့သည့် ထုတ်ကုန်များကို တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)