MNP ၊ စက်တင်ဘာ ၂၀
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင် လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီး စဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့သည်။
အဆိုပါ Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်သည် မြန်မာနိုင်ငံသို့ ယခုလ ၁၅ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ကုန်တန်ချိန်အားဖြင့် ၁၈ တန် အထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ကုန်တင်လေယာဉ်ခရီးစဉ်များကို ဒေသတွင်းနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့လည်း ထပ်မံတိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကုန်စည်ပို့ဆောင်ရေးခရီးစဉ်များကို တိုးချဲ့ပျံသန်းပြေးဆွဲခြင်းဖြင့် နိုင်ငံ၏ ပို့ကုန်/သွင်းကုန် တိုးမြှင့် တင်ပို့ နိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးရာလည်း ရောက်မည်ဖြစ်သည်။ ယနေ့ပထမဦးဆုံးပျံသန်းသည့် ကုန်တင်လေယာဉ်ခရီးစဉ်တွင် ကုန်စည်စုစုပေါင်းတန်ချိန် ၁၅ ဒသမ ၉ တန် သယ်ယူ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment