ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ စတင်ဆောင်ရွက်


MNP ၊  စက်တင်ဘာ  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများကို စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါ တားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ‌ ၁၈ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဇဗ္ဗသီရိ‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦသိန်းကိုကိုအပါအဝင် (၅)ဦး၊ နယ်မြေရဲစခန်း ၃ မှ ဒုရဲအုပ် ဝေယံလင်း ဦးစီး(၁+၁)၊ ဇမ္ဗူသီရိမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၁)မှ တပ်ကြပ်ကြီး အောင်ထွေးဦး၊ ထောက်ပံ့ရေး ၉၃၅ မှ ဒုအရာခံဗိုလ်မျိုးနောင် အပါအဝင် (၄)ဦး၊ ပညာရေးဌာနမှ ဦးတင့်ထူးအောင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် အောင်ဇဗ္ဗူရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ လက်ပံခါးလှ‌ကျောင်းအနီးတွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စစ်ဆေးခြင်း၊ ယာဉ်သက်သေခံလက်မှတ်များစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကား ၁၉၅ စီးခန့်၊ ဆိုင်ကယ် ၁၄၅ စီးခန့်၊ သုံးဘီးယာဉ် ၁၂ စီးခန့်၊ အိုးဝေ ၁၃ စီးခန့် လူဦးရေ ၄၉၅ ဦးခန့်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိစေရေး၊ လိုင်စင်မဲ့မော်တော်ယာဉ်များစစ်ဆေးခြင်း၊ တုတ်/ဓား လက်နက်များ စစ်ဆေးခဲ့ခြင်းတို့အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သော မော်တော်ဆိုင်ကယ်စီးနှင်သူများ အရည်အသွေး ပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ၊ မရှိ၊ မော်တော်ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုခြင်း၊ အရက်သေစာသောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် ပြစ်ဒဏ်များဖြင့်လည်း အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


အောင်သူရဦး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)