MNP ၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက် ညွှန်ကြား ရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မောင်တော ခရိုင်ရုံးမှ လက် ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ဦးဆောင် ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူနေကြသော Grade-11 ကျောင်းသား မောင်ဟိန်း ထက်စိုး က “သတိ ပြုဆန်း စစ်ရမည့် လူမှုကွန်ရက်များ” ၊ Grade-10 မှ ကျောင်းသား မောင် ညီ ခန့် လွင်က “ကျေး လက် ပြည်သူများ ပညာရည်မြင့်မားရေးဦးစားပေး၍ အားပေးမြင့်တင်ကြရမည်” ၊ Grade-10 မှ ကျောင်းသူ မခင် သော်တာဆန်းက “ စာတတ်မြောက်ခြင်းနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု” ၊ Grade-10 မှ ကျောင်းသူ မငြိမ်း ဆု အိမောင် “ဉာဏ ဗလ အုတ်မြစ်ပေါ်မှာ” ၊ Grade-10 မှ ကျောင်းသူမမေလွင်ဦးက “လူငယ် စွမ်းပကား နိုင်ငံ တော်က အား ထား” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကာ လူငယ်စကားဝိုင်းသို့ တက်ရောက် လာကြ သော အခြား ကျောင်းသား၊ ကျောင်းသူ များက သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြသည်။
ယင်းနောက် မောင်တော ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး အလုပ်သမား ပ ပျောက် ရေး အသိ ပညာပေး နံရံကပ် စာစောင် ၊ ဓါတ်ပုံပြပွဲ နှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင် များ အား တက်ရောက် လာကြသော သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။အဆိုပါ အသိပညာ ပေးဟော ပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ၊မောင်တော ခရိုင်ရုံးမှ လက် ထောက် ညွန်ကြား ရေးမှူး (တာ ဝန်ပေး) ဦးမြင့်ခိုင် နှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ် ဆရာကြီး ဦးမောင်ခင်ဝင်း ၊ ဆရာ ၊ဆရာမများ နှင့် ကျောင်း သား ၊ကျောင်း သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment