MNP ၊ စက်တင်ဘာ ၂၅
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်း သည် ၂၃-၉-၂၀၂၃ ရက်နေ့၊ ညနေ (၁၇:၃၀) နာရီတွင် ချုံချင့်မြို့ရှိ Chongqing Institute of Green and Intelligent Technology၊ Chinese Academy of Sciences မှ ဦးစီးပြုလုပ်သည့် မြို့ပြစီမံခန့်ခွဲမှု၊ ရေအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ Chongqing Institute of Green and Intelligent Technology၊ Chinese Academy of Sciences မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့မှ အရာထမ်း သင်တန်းသား (၁၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment