31st Meeting of ASEAN-Institute for Peace and Reconciliation (ASEAN-IPR) နှင့် Retreat of the Governing Council & Advisory Board of the ASEAN-IPR အစည်းအဝေးများသို့ Governing Council အဖွဲ့ဝင်အဖြစ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

31st Meeting of ASEAN-Institute for Peace and Reconciliation (ASEAN-IPR) နှင့် Retreat of the Governing Council & Advisory Board of the ASEAN-IPR အစည်းအဝေးများသို့ Governing Council အဖွဲ့ဝင်အဖြစ် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပါဝင်တက်ရောက်





MNP ၊ စက်တင်ဘာ ၂၅

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂၁-၉-၂၀၂၃ ရက်နေ့နှင့် ၂၂-၉-၂၀၂၃ ရက်နေ့တို့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျော့ဂျကာတာမြို့၌ ကျင်းပခဲ့သည့် 31st Meeting of ASEAN-Institute for Peace and Reconciliation (ASEAN-IPR) နှင့် Retreat of the Governing Council & Advisory Board of the ASEAN-IPR အစည်းအဝေးများသို့ Governing Council အဖွဲ့ဝင်အဖြစ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ Governing Council အဖွဲ့ဝင်များ၊ Advisory Board အဖွဲ့ဝင်များ၊ ASEAN-IPR အမှုဆောင် အရာရှိချုပ်နှင့် ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများတွင် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ASEAN-IPR လုပ်ငန်းအစီအစဉ်၊ ASEAN-IPR လုပ်ငန်းအစီအစဉ် (၂၀၂၄-၂၀၂၆) အတွက် ထည့်သွင်းလိုသည့် စီမံကိန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ASEAN-IPR အတွင်းရေးမှူး ချုပ်ရုံးအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ ပြောင်းရွှေ့မည့်ကိစ္စ၊ ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ပြုလုပ်မည့် 2nd Leg Training သို့  ကိုယ်စားလှယ်များ စေလွှတ်ရေးကိစ္စနှင့် ASEAN-IPR Outreach Programme များ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများကိုလည်းကောင်း၊ ထို့ပြင် အဆိုပြု အစီအစဉ်အသစ်များတွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးအတွက် ASEAN-IPR Study on Youth, Peace and Security နှင့် ASEAN-IPR Training: Enhancing the Role of Youth in Peacebuilding  နှင့် ပတ်သက်သည့် သဘောထားစာတမ်းများနှင့် ASEAN-IPR Governing Council နှင့် the ASEAN Intergovernmental Commission on Human Rights (AICHR) တို့အကြား တွေ့ဆုံမည့်ကိစ္စရပ်တို့နှင့် ပတ်သက်၍လည်းကောင်း၊ conflict management  နှင့်ပတ်သက်၍  ASEAN-IPR အောက်တွင် ယန္တရားတစ်ရပ် ထူထောင်ရန် တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Governing Council နှင့် Advisory Board အဖွဲ့ဝင်များသည် ဂျော့ဂျကာတာရှိ UNIVERSITAS PEMBANGUNAN NASIONAL (UPN) VETERAN သို့သွားရောက်၍  ASEAN-IPR ၏ လုပ်ဆောင်ချက်များနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့်  လုံခြုံရေး အကောင်အထည် ဖော်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍ အရေးပါမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပြီးနောက် အမေးအဖြေကဏ္ဍတွင် ဆုရရှိသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)