MNP ၊ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ (Community Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ကလေးအလုပ်သမားဖြစ်ပေါ်လာရခြင်းနှင့်သတ်မှတ်ထားသည့် အသက်အရွယ် အပိုင်းအခြား၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ အကာအကွယ်ပေးထားသည့် ဥပဒေများ စသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဆက်နွယ်စိုးက ကလေးအလုပ်သမား သတ်မှတ်ထားသည့် အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဥပဒေများ အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်း တို့ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment