မြောက်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(လ-၁) ကျောင်း၌ လူငယ်စကားဝိုင်းကျင်း ပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)(လ-၁) ကျောင်း၌ လူငယ်စကားဝိုင်းကျင်း ပ





MNP ၊  စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လူငယ်များ ၊အသိပညာစွမ်းအား ၊အတတ်ပညာ စွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ ရဲဝံ့စွာပြော ဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟု သုတများနှင့် ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည်စုံသောလူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းအချိန်က ပြင်ဈေးရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) လ(၁) ကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)လ(၁) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး က အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးတင်ရွှေ က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးတည်ချက်(၉) ရပ်တွင် ပါရှိသည့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းစဉ်များ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊မိတ္တဗလ၊ဘောဂဗလ ဆိုသည့် ဗလငါးတန်ပြည့်ဝစေရန် တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်း များ ဖြစ်ပေါ်လာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။


ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန မှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုးက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ပါဝင် ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) လ(၁) ကျောင်းမှကျောင်းသား၊ကျောင်းသူများဖြစ်သည့်  Grade- 12 ကျောင်းသား မောင်ဦးနိုင်ဝင်း မှ လူငယ်နှင့်ရှေ့အနာဂတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်စိုးနိုင်ထွန်း မှ Good Family ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-11 ကျောင်းသူ မထက်ထက်သူ မှ အခက်အခဲနှင့်တန့်ပြန်မှု ခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade-11  ကျောင်းသူ မမြတ်ပန်းငြိမ်း မှ လူငယ်နှင့် အင်တာနက် ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူ များက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရ သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော စာအုပ်ပြပွဲနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင် မူးယစ်ဆေးဝါး အသိပညာ ပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)