မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ တောင်သူ ၂၈၇ ဦးမှ မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးမှု ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ တောင်သူ ၂၈၇ ဦးမှ မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးမှု ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး


MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကျေးရွာအုပ်စု ၉ အုပ်စုရှိ တောင်သူ ၂၈၇ ဦးမှ မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးမှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု ၉ အုပ်စုရှိ တောင်သူ ၂၈၇ ဦးမှ မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးထားရှိရာ ထမုန်ကန်ကျေးရွာရှိ တောင်သူ  ၃၅ ဦးမှ ဆင်းသုခ မိုးစပါးစိုက်ဧက ၁၀၀၊  တောမကျေးရွာအုပ်စုရှိ  တောင်သူ ၄၁ ဦးမှ မနောသုခ၊ ဆင်သုခ မိုးစပါးစိုက်ဧက ၇၅ဧက၊ ခင်လူးကျေးရွာအုပ်စုရှိ တောင်သူ ၃၇ ဦးမှ ဆင်းသုခ မိုးစပါးစိုက်ဧက ၅၀၊ ညောင်ကိုင်းကျေးရွာအုပ်စုရှိ တောင်သူ ၂၄ ဦးမှ GW-11  မိုးစပါးစိုက် ဧက ၃၁ ဧက ကဖြူကျေးရွာအုပ်စုရှိ တောင်သူ ၁၄ ဦးမှ မနောသုခ မိုးစပါးစိုက်ဧက ၅၅ ဧက၊ လျှော်ဖြူကန်ကျေးရွာအုပ်စုရှိ တောင်သူ ၂၇ ဦးမှ ဆင်းသုခ မိုးစပါးစိုက်ဧက ၅၁ ဧက၊ မကျီးစုကျေးရွာအုပ်စုရှိ တောင်သူ ၃၀ ဦးမှ မနောသုခ မိုးစပါးစိုက်ဧက ၇၀၊ ရှမ်းတဲကျေးရွာအုပ်စုရှိ တောင်သူ ၂၃ ဦးမှ မနောသုခမိုးစပါးစိုက်ဧက ၅၃ဧကနှင့် ကွက်ငယ်ကျေးရွာအုပ်စု တောင်သူ ၅၆ ဦးမှ ဆင်းသုခမိုးစပါးစိုက်ဧက ၁၁၅ ဧတို့ကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။


အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးများစိုက်ပျိုးခြင်းကြောင့် ဒေသခံတောင်သူများ သွင်းအားစုထည့်သွင်းခြင်းအားဖြင့် တစ်ဧက အထွက်နှုန်းတိုးတက်လာစေရန်၊ စျေးနှုန်းနှင့်စျေးကွက် သေချာခြင်းကြောင့် တောင်သူများဝင်ငွေတိုးခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက်မြှင့်မားလာခြင်း၊ စီမံကိန်းမှာပါဝင်သည့် အစုအဖွဲ့ဝင်အားလုံး အမြတ်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလှမ်းများ ပိုမိုတိုးတက်ရရှိစေရေး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပစျေးကွက်ကို ပိုမိုချိတ်ဆက်လာစေရေးနှင့် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိနိုင်မည့်အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးတစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့်ညီမျှသော သွင်းအားစုကို ထောက်ပံ့ပေးရာ အဆိုပါထောက်ပံ့ခြင်းအတွက် သီးနှံပေါ်ချိန်တွင် သွင်းအားစုတန်ဖိုးနှင့် ညီမျှသောသီးနှံကို ကာလပေါက်စျေးဖြင့် ပေးသွင်းရန်ဖြစ်ပြီး ကျန်သီးနှံကို တောင်သူစိတ်တိုင်းကျ ရောင်းချနိုင်မည်ဖြစ်ကြောင်း  သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)