ကျောက်ဆည်မြို့တွင် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ်




MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီက ဓာတ်အားကြိုးနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးမှုကြောင့် ကျောက်ဆည်မြိုအတွင်းရှိ ကျေးရွာအုပ်စု (၁၅)အုပ်စု၊ ကျေးရွာ(၆၀)မှ ပြည်သူ (၉၈၅၄)ဦး လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း  သိရသည်။


သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရာ၌ (၃၃/၁၁)ကေဗွီ၊ (၁၀)ကေဗွီအေ ဟံမြင့်မိုရ်ဓာတ်အားခွဲရုံမှ ဓါတ်အားပို့လွှတ်ထားသော (၁၁)ကေဗွီ ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းပေးခြင်းဖြစ်ကြောင်းနှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းကြောင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆူလေကုန်း၊ အင်ရောင်း၊ မင်းစု၊ တောတွင်၊ ကိုးပင်၊ ကင်း၊ ဟံမြင့်မိုရ်၊ ရဲမအူ၊ ပြည်တော်သာ၊ တောင်တော်၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ပဲခင်း၊ ပေါင်လောင်ကြီး ကျေးရွာ အုပ်စု(၁၅)အုပ်စုရှိ ကျေးရွာပေါင်း(၆၀)ရွာမှ လျှပ်စစ်မီးသုံးစွဲသူပြည်သူ(၉၈၅၄)ဦးတို့ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်၊ လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် ဓာတ်အားကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများအပြင် ပြည်သူများလျှပ်စစ်အန္တရာယ်မရှိစေရေး၊ ဓာတ်အားလေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်တိုင်များနှင့် လျော့ကျနေသည့်ဓာတ်အားကြိုးများအား စဉ်ဆက်မပြတ် ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment