မိုးရာသီကာလတွင် လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ ဈေးနှုန်းကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးရာသီကာလတွင် လိပ်သိုဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ ဈေးနှုန်းကျဆင်း




MNP ၊  စက်တင်ဘာ  ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို  အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး  နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း များနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများမှာ နွေရာသီတွင် ဈေးကောင်းရရှိသော်လည်း မိုးရာသီကာလတွင် ဈေးများကျဆင်းလျက်ရှိကြောင်း သိရသည်။


ကွမ်းကြမ်းများမှာ မိုင်းလွန်ကျေးရွာ၊ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ ထီးသာစော၊ လာမယ်ဖိုလီ၊ နာလောဖိုလီ စသည့် တောင်ပေါ်ကျေးရွာများမှ အဓိကထွက်ရှိပြီး နွေရာသီကာလတွင် ကွမ်းကြမ်း အထုပ် (၄၀) ပါရှိသောအချိန် (၁၀) လျှင် ကျပ် (၄၅၀၀ဝိ/-) အထိ ဈေးရရှိခဲ့သော်လည်း ယခုမိုးရာသီတွင် ကျပ် (၁၅၀၀ဝိ/-) မှ ကျပ် (၁၈၀၀ဝိ/-) အထိသာ ရရှိကြောင်း ကွမ်းကြမ်းရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။


အဆိုပါကွမ်းကြမ်းများကို ကွမ်းပွဲစားများက အရွက်ခြွေပြီးသော အထုပ်ဖြင့် သော်လည်းကောင်း၊ အရွက်မခြွေရသေးသော ကိုင်းစည်းဖြင့်သော်လည်းကောင်း လာရောက်ဝယ်ယူကြပြီး ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရေတာရှည်၊ အုတ်တွင်း၊ ထန်းတပင်မြို့နယ်များသို့ ပြန်လည်ဖြန့်ချီရောင်းချကြကြောင်း သိရသည်။


ခင်လေးနွယ် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)