ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၅၇၄-၁၄၇၅)ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၅၇၄-၁၄၇၅)ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုး



MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅) ကွင်းတို့တွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိကြောင်း တောင်သူများထံမှ သိရသည်။


ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅)ကွင်းရှိ တောင်သူများသည် မိုးရေကို အဓိက အားထားကာတောင်သူလုပ်ငန်း လုပ်ကိုင်သူများဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် မိုးရေများဝင်ရောက်လာခြင်းကြောင့် စပါးများစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မိုးစပါးအပြင် အခြားသော သီးနှံများဖြစ်သည့်  ဝါ၊ နှမ်း၊ ငရုတ်ကိုလည်း ရာသီအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။


ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကွင်းအမှတ်(၁၄၇၄-၁၄၇၅နှင့် ၁၄၁၉)ကွင်းတွင် မိုးစပါးစိုက်ပျိုးဧက (၁၅၀)ကျော်ရှိပြီး စပါးစိုက်တောင် သူများအနေဖြင့် မနော်သုခ အထွက်တိုးမျိူးများကို အဓိက ထားစိုက်ပျိုးလျက်ရှိကြောင်း တောင်သူဦးထွန်းအေးမှ ပြောပြသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)