MNP ၊ စက်တင်ဘာ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် သဘာဝအလျောက်ပေါက်ရောက်သည့် ဆေးဖက်ဝင်အပင်များ ပေါက်လျက်ရှိသည့်အပြင် သဘာဝအလျောက်ပေါက်ရောက်ပြီး အရသာနှင့်ပြည့်စုံ၍ လူ့ခန္ဓာကိုယ်ကို အကျိုးပြုသော ရမေးရှီး(ခေါ်)ကတွတ်သီးသည် ဒေသထွက်ရာသီပေါ် သဘာဝသီးနှံတစ်မျိုးဖြစ် သည်။
“ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် တောထဲသွားပြီးတော့ သွားရှာစားကြတာ။ အဲဒီ အသီးက နှစ်မျိုးရှိတာပေါ့။ အလုံးကြီးမျိုးကို တော့ ရဝမ်ဘာသာစကားနဲ့ဆို မနိုရှီးလို့ခေါ်ပါတယ်။ အလုံး အသေးမျိုးကိုတော့ ရမေးရှီးလို့ခေါ်တာပေါ့။ ဒါပေမယ့် အခေါ်အဝေါ်က နဲနဲတော့ကွဲတယ်။ ဒီအသီးနှစ်မျိုးက ချိုတဲ့အရသာရှိပြီးတော့ ဘယ်လောက်ပဲစားစား လူခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေဘူး။ အာဟာရဖြစ်စေတာပေါ့။ အပင်မှည့်ပေါ့ ဒီတိုင်းခူးဆွတ်ပြီးစားရတာဖြစ်လို့ အရမ်းစားကောင်းတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်” ဟု ဒေသခံ ကိုဖုန်ဆာရ်းကပြောသည်။
ကတွတ်သီးများကို မိုးတွင်းကာလဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလ များတွင် တွေ့ရှိရသော အသီးအနှံတစ်မျိုးဖြစ်ပြီး ကတွတ်သီးပင်သည် ညောင်ပင်မျိုးရင်းဝင် အမြဲစိမ်း ပင်ငယ်တစ်မျိုးဖြစ်သည်။ ရမေးရှီး (ခေါ်) ကတွတ်သီး မှာ ဆီးဖြူသီးအရွယ်ခန့်ရှိပြီး ၎င်းအသီး၏ နီဝါရောင်အခွံပေါ်တွင် အဖုငယ်လေးများရှိသည်။
ကတွတ်သီး၏ အတွင်းသားထဲတွင် အစေ့ငယ်လေးများအပြင် ပိုးကောင်ငယ်လေးများကို တွေ့ရတတ်ပြီး အသီးများမှည့်လာလျှင် သဘာဝအမှည့်တိုင်းသော်လည်းကောင်း၊ ယိုထိုး၍ သော်လည်းကောင်း စားသုံးနိုင်သော အသီးအနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
ဖုန်ကန်
https://t.me/MyanmarNationalPost
No comments:
Post a Comment