ပေါင်းတည်၌ မိုးနှမ်းများရိတ်သိမ်းပြီးစီးချိန် ဈေးကောင်းရကာ တောင်သူများ အကျိုးအမြတ်ခံစားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်၌ မိုးနှမ်းများရိတ်သိမ်းပြီးစီးချိန် ဈေးကောင်းရကာ တောင်သူများ အကျိုးအမြတ်ခံစားလျက်ရှိ



MNP ၊  စက်တင်ဘာ  ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇွန်လကစိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းပင်များကို ဩဂုတ်လမှ စတင်ရိတ်သိမ်းခဲ့ရာ ယ​ခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် တစ်မြို့နယ်လုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ စတင်ရိတ်သိမ်းချိန်မှ ယနေ့အထိ နှမ်းဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများ အကျိုးအမြတ်ခံစားနေရပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။


မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မိုးသီးနှံစိုက်ပျိုးရာတွင် ဒေသတွင်း စားသုံးဆီဖူလုံစေရေးကို အထောက်အကူပြုစေရန်အတွက် တစ်မြို့နယ်လုံးမိုးနှမ်းစိုက်ဧက ၁၅၁၇ ဧက စိုက်ပျိုးမှုရှိခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှသိရသည်။ ယခုနှမ်းပေါ်ချိန်တွင် နှမ်းတစ်တင်းကို တစ်သိန်းနှစ်သောင်းကျပ်ဝန်းကျင် စျေးနှုန်းဖြင့် ရောင်းချနေရ၍ နှမ်းစိုက်တောင်သူများ ချက်ချင်းလက်ငင်း အကျိုးအမြတ်ခံစားနေရပြီဖြစ်ကြောင်း သိရသည်။


ယခုမိုးစပါးရိတ်သိမ်းပြီးလျှင်လည်း သက်တမ်းတိုသီးနှံထပ်မံစိုက်ပျိုးကြရန် နှိုးဆော်ထားကြောင်းနှင့် စိုက်နည်းစနစ်နည်းပညာနှင့် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား ကူညီပံ့ပိုးလျက်ရှိကြောင်း သိရသည်။


သူရကြီး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)