ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာ စေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား  စစ်ကြောင်းမှူးနှင့် ဘောလုံးအသင်းများက အလေးပြုကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်မိန်းခွန်း ပြောကြားရာတွင် နိုင်ငံတော်အတွက် အနာဂတ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင် ရေး၊ အားကစားကဏ္ဍ တိုးတက်မြင့်မားစေရေးအတွက် ယခုလိုပြိုင်ပွဲကျင်းပခြင်းဖြစ်ရာ လူငယ်၊ လူရွယ်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့် ထားရှိယှဉ်ပြိုင်ကစားကြရန် ပြောကြားခဲ့သည်။ ဆက်လက်ပြီး   စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားများက အားကစားသစ္စာ အဓိဌာန် (၄)ချက်အား ရွတ်ဆိုကြသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ပြီးနောက်  ပြိုင်ပွဲဝင်အားကစားသမာများက ကွင်းအတွင်းမှ ထွက်ခွာကြသည်။ ယင်းနောက်ကျောင်းသား/သူလေးများက ပန်းပွားအကဖြင့် ကပြဖျော်ဖြေကြ သည်။


ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊  ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇေမင်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး အဖွင့်ပွဲစဉ်အနေဖြင့် (အ.ထ.က) ဘက်ရဲအမျိုးသမီးဘောလုံးအသင်းနှင့် (အ.ထ.က) ဆိပ်သာအမျိုးသမီးဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့်  အဆိုပါဘောလုံးပြိုင်ပွဲ တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်  အမျိုးသားအသင်း (၇)သင်းနှင့် အမျိုးသမီးအသင်း (၆)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး   စက်တင်ဘာလ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)