MNP ၊ စက်တင်ဘာ ၉
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်းရှိ ပြည်သူ့ ဆေးရုံများ သန့်ရှင်း သာယာ လှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇နာရီခွဲမှ၉နာရီထိမြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင်သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များကကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ဝန်ထမ်းများက အဖွဲ့(၃)ဖွဲ့ခွဲပြီး မြို့နယ်ပြည်သူ့ဆေးရုံ၊သစ်ပုံတိုက်နယ်ဆေးရုံနှင့်ဆားချက်တိုက်နယ်ဆေးရုံများသို့ သွားရောက်ပြီး ဆေးရုံ အတွင်း/အပြင်ရှိ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊အမှိုက်များကောက်ခြင်း၊ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန်ရေနုတ်မြောင်းများတူးဖေါ်ခြင်း၊အဆောက်အဦးနှင့်မလွတ်ကင်းသည့် သစ်ပင်၊သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ကြပြီး သစ်ကိုင်း၊သစ်ခက်၊အမှိုက်များကို စနစ်တကျစွန့်ပစ်ခဲ့ကာ စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment