MNP ၊ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက် ၊ဆေးရုံလမ်းရှိ ( ၂၅) ကုတင်ဆံ့ ပြည်သူ့ဆေးရုံ၊ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာရှိ ( ၁၆) ကုတင်ဆံ့ ဆေးရုံ ၊တရုတ်မှော်ကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာရှိ( ၁၆) ကုတင်ဆံ့ဆေးရုံ ၊ကွေ့မကျေးရွာအုပ်စု၊ ကွေ့မကျေးရွာရှိ (၁၆) ကုတင်ဆံ့ ဆေးရုံ စုစုပေါင်း ဆေးရုံ( ၄) ရုံတို့တွင်ယနေ့နံနက်ပိုင်းကအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊သရက်တော၊ကြာနီကန်၊ယွန်းတန်း၊ကျီးသဲ၊နွားခြံကုန်း၊သရက်သုံးပင်၊မြို့မ၊တရုတ်မှော်၊လမိုင်း၊ကွင်းယားကြီး၊သရက်တစ်ပင်၊ကွေ့မ၊မမဲ၊ကျွဲတလင်း၊ဆိတ်ကြီး၊ယင်းမူကုန်း၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၅၁၁) ဦးပါဝင်၍ ချုံနွယ်များ ၊ပေါင်းမြက်များနှင့် အမှိုက်များကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment