MNP ၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ မိုခါ မုန်တိုင်းသင့်ပြည်သူများ အတွက် စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံး နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်၊ လိပ်ကုန်းပြင်အစုတွင် ယနေ့၊ နံနက်ပိုင်းက စားအုံးဆီများသက်သာသောဈေးနှုန်းဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာကို ၄၇၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်း စံပြရပ်ကွက်၊ လိပ်ကုန်းပြင်အစု၌ နေထိုင်သော မိုခါမုန်တိုင်းသင့် အိမ်ထောင်စု ၅၀၀ အတွက် စားအုံးဆီ ပိဿာ ၅၀၀ ပိဿာကို သက်သာသောဈေးနှုန်းဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသတင်းရရှိသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment