ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးကူညီစောင့်ရှောက်မှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေယာဉ်စီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးကူညီစောင့်ရှောက်မှု ဆောင်ရွက်





MNP ၊  စက်တင်ဘာ ၄

ရန်ကုန်မြစ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်နေ့မှစ၍ ထူးကဲဒီရေတက်သည့် ကာလအတွင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးနှင့်ကီလီ (ဝါးတန်းဆိပ်ကမ်း) သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ် ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိစေရေး ကူညီစောင့်ရှောက်ပေးခြင်းကို မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက် ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ရေတက်ချိန် စက်တပ်‌ရေယာဉ် (သမ္ဗန်) စီးခရီးသည်များ ရေယာဉ်အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းရေး၊ စက်တပ်သမ္ဗန်များ ဆိပ်ကမ်းသို့ အန္တရာယ်ကင်းစွာ စနစ်တကျမောင်းနှင်ဆိုက်ကပ်နိုင်ရေး၊ ရေစီးသန်မှုကြောင့် ရေယာဉ်တစ်စီးနှင့် တစ်စီးအန္တရာယ်မဖြစ်ပေါ်စေရေး စောင့်ကြည့်၍  ကူညီစောင့်ရှောက်မှုပေးလျက် ရှိသည်။


အဆိုပါ ရွှေရန်ကုန် စက်တပ်သမ္ဗန်လိုင်းတွင် လတ်တလော၌ သမ္ဗန်အကြီး ၁၀၈ စီး၊ အသေး ၆၂ စီးဖြင့် နေ့စဉ်ရန်ကုန်မြို့ထဲသို့ အလုပ်လုပ်ရန်သွားသည့် ခရီးသွားပြည်သူခြောက်ထောင်ကျော်ခန့်ရှိသောကြောင့်  ယခုကဲ့သို့ မြစ်ရေတက်ချိန် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေး ကူညီစောင့်ရှောက်မှု ပေးခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။


ဝေယံ

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)