MNP ၊ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်၌ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။
မန်ကန်မြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ တောင်ယာမိုးစပါးကို အဓိကထား၍ စိုက်ပျိုးလျက်ရှိသည်။ “မန်ကန်မြို့နယ်တွင် မြေပြန့်လွင်ပြင်နည်းပါး ခြင်းကြောင့် လယ်စပါးနှင့် ယာစပါးစိုက်ပျိုးနိုင်မှု အားနည်းသဖြင့် နှစ်စဉ် တောင်ယာစပါးများကို ချဲ့ထွင်၍ စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် တောင်ယာ စပါးစိုက်ပျိုးမှုများခဲ့ကြောင်း၊ ယခုနှစ် မိုးရေချိန်များစွာရရှိသဖြင့် စိုက်ပျိုထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခင်နှစ်များက တစ်ဧကလျှင် တင်း (၇၀) မှ (၈၀) ထိအထွက် နှုန်းရှိကြောင်း၊ ယခုနှစ်တွင် စပါးအထွက်နှုန်း ပိုမိုရရှိနိုင်မည်ဟု ခန့်မှန်း ထားပါကြောင်း၊ မိုးစပါးစိုက်ပျိုးခြင်းဖြင့် မန်ကန်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ဒေသဝမ်းစာ ဖူလုံလျက်ရှိပါကြောင်း” မိုးစပါးစိုက်ပျိုးသူ၊ တောင်သူ ဦးဆန်ကျင်ထံမှ သိရသည်။
အေးကပ်
https://t.me/MyanmarNationalPost
No comments:
Post a Comment