MNP ၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ အခြေခံစားသောက်ကုန်ဈေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကို ယနေ့နံနက်(၁၀)နာရီအချိန်က သက်ဆိုင်ရာတာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံစားသောက်ကုန် အရောင်းဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အခြေခံစားသုံးကုန်ဈေးဆိုင်များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစံညွန့်ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့ကစားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရေးအတွက် ရည်မှန်းချက်တာဝန်(၄)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စားသုံးသူ(ပြည်သူ)များ လုံးခြုံစိတ်ချရမှုရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ရောင်းချစေရန်အတွက် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံစားသောက်ကုန် အရောင်းဆိုင်များနှင့် မြို့မဈေးကြီးအတွင်းရှိ အခြေခံစားသုံးကုန်ဈေးဆိုင်များသို့ သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။
တင်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment