ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား လမ်းပြုပြင်ခြင်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးခွင့်ပြုငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား လမ်းပြုပြင်ခြင်းများ ဆောင်ရွက်ပေး



MNP ၊  စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ၊ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား  လမ်းပြုပြင်ခြင်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင် လုပ်ငန်းပြီးစီးရေး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၉၈.၀၀၀) ကျပ်သန်းဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၄၅.၂)ကီလိုမီတာနှင့် (၄၆)ကီလိုမီတာအတွင်း လမ်းအရှည်(၀.၈)ကီလိုမီတာနှင့် ခွင့်ပြုရန်ပုံငွေကျပ် (၃၀၀.၀၀၀)သန်းဖြင့် (၆၅.၈)ကီလိုမီတာနှင့် (၆၆.၈)ကီလိုမီတာအတွင်း လမ်းအရှည်(၁)ကီလိုမီတာတို့အား မူလလမ်းအကျယ် (၁၂)ပေမှ (၁၈)ပေအကျယ်အထိ လမ်းတိုးချဲ့ပြီး ကျောက်သားထု(၂)ပေနှင့် ကတ္တရာတိုးချဲ့ခင်းပေးခြင်း၊ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(၁၄၀.၀၀၀) ကျပ်သန်းဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၄၄.၄၅၈)ကီလိုမီတာနှင့် (၄၅.၂)ကီလိုမီတာအတွင်း  လမ်းအရှည်(၀.၇၄၂)ကီလိုမီတာအား မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေအကျယ်အထိလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၁၂၈.၃၅၀)ကျပ်သန်းဖြင့် (၆၃.၈)ကီလိုမီတာမှ (၆၄.၃)ကီလိုမီတာအတွင်း လမ်းအရှည်(၀.၅)ကီလိုမီတာအား မူလလမ်းအကျယ်(၁၂)ပေမှ (၁၈)ပေအကျယ်အထိ ကတ္တရာတိုးချဲ့ခင်းခြင်းနှင့် ခွင့်ပြုရန်ပုံငွေကျပ်(၇၁.၉၄၀)ကျပ်သန်းဖြင့် (၆၉)ကီလိုမီတာမှ (၇၀)ကီလိုမီတာအတွင်း၊ (၇၃)ကီလိုမီတာမှ(၇၄)ကီလိုမီတာအတွင်း၊ (၆၄)ကီလိုမီတာမှ(၆၅)ကီလိုမီတာ အတွင်းရှိ ရေပြွန်(၃)ပြွန်အား (၁.၅)မီတာx(၁၂.၁၉)မီတာ Box Culvert တံတား(၃)စင်းဖြင့် အစားထိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အမှတ်(၂)ခရိုင်ချင်းဆက်လမ်းမှ ကျဉ်းမြောင်းနေသည့်လမ်းပိုင်းများအား တိုးချဲ့ခင်းပေးခြင်းကြောင့်  ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။              


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)