MNP ၊ စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီအရောင်းဆိုင်များမှ ဆန်၊ ဆီနှင့် အသား၊ ငါးများ ရောင်းချပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချပေးရာတွင် ဥတ္တရခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၄၃၂ ဦးအား ဆန် လေးပြည်အိတ် တစ်အိတ်လျှင် ၁၂၀၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ်ပေါင်း ၄၃၂ အိတ်၊ ဆီတစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာပေါင်း ၄၃၂ ပိဿာကို ရောင်းချပေးခဲ့သည်။
ယင်းနောက် မြို့နယ်အသား၊ ငါး အရောင်းဒိုင်များမှ အမဲသား တစ်ပိဿာ ၁၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆိတ်သားတစ်ပိဿာ ၁၈၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဝက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment