MNP ၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ မွန်းလွှဲပိုင်း အချိန်က စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။
ထိုသို့စားသုံးဆီများအား သက်သာသော ဈေးနှုန်းဖြင့်လာရောက်ရောင်းချရာတွင် ရမ်းဗြဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးရွှေကျော်မိုး ဦးဆောင်၍ ရခိုင်ပြည်နယ် ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရမ်းဗြဲမြို့နယ် ကိုယ်စားလှယ် ဒေါ်ခင်သန်းရွှေ ဦးဆောင်သောအဖွဲ့က စားသုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၇၀၀/- နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းနှင့် စားသုံးဆီပိဿာ (၆၆၀)ကို (၇-၉-၂၀၂၃)ရက်နေ့မှ (၉-၉-၂၀၂၃) ရက်နေ့ထိ (၃)ရက် လာရောက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment