ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်ကျော်က အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြရန်နှင့် မိမိတို့ရုံးအဆောက်အအုံ အတွင်း အပြင် သန့်ရှင်းသာယာလှပရေးနှင့် ရုံးဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိကြရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့ဌာန၏ လိုအပ်ချက်များရှိပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့တင်ပြကြပြီး ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားကြရန်၊ မိမိတို့ စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းပြီး စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment