ပေါက်တောမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ဒေသခံပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ဒေသခံပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိ





MNP ၊  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း အစီအစဥ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့အမှတ်(၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။


   ထိုသို့ ရောင်းချရာတွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှပေါက်တောမြို့နယ် ကိုယ်စားလှယ် ဦးသန်းရွှေ ဦးဆောင်သောအဖွဲ့က စားအုန်းဆီများကို  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် (၄၇၀၀)နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် စားအုန်းဆီ (၅၅၀) ပိဿာကို လာရောက် ရောင်းချပေးခဲ့သည်။


   မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဒေသခံပြည်သူများ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ သွားရောက်ရောင်းချပေးမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင် ထံမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment