ရသေ့တောင်မြို့၌ အသက်၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ထိုးနှံပေးမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ အသက်၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ထိုးနှံပေးမည်


MNP ၊  စက်တင်ဘာ  ၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အမျိုးသမီးများကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းအား ယခုလအတွင်း အထက (၁) ကျောင်း နှင့် အထက (၂) ကျောင်းတို့တွင် စုရပ်ပြုလုပ်ကာ ထိုးနှံဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာနက သိရှိရ သည်။


သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို (၁-၉-၂၀၁၁ မှ ၃၁-၈-၂၀၁၄ အတွင်းမွေး ဖွားသည့်) အသက် (၉) နှစ်မှ (၁၂) အတွင်းရှိသော အမျိုးသမီးများကိုသာ ထိုးနှံမည်ကြောင်းနှင့် ယခု စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိကို School Phase အနေဖြင့်လည်းကောင်း၊  နောက်လာ မည့် အောက်တိုဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိကို Community Phase အနေဖြင့် လည်းကောင်း သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပေးမည် ဖြစ်ကြောင်းသိရသည်။


ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေ တစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦး ရှိကြောင်း၊ ရောဂါကြောင့် သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင်ဖြစ်ပြီး သေဆုံးမှုနှုန်း မြင့်မားနေသည်ကို တွေ့ရကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာဗိုင်း ရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ယခုကာကွယ်ဆေးကို ထိုးနှံထားခြင်း ဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ရသေ့တောင်မြို့နယ်ရှိ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အမျိုးသမီး သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးကို အချိန်မီထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာများ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)