MNP ၊ စက်တင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ပိုင်းက လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ၊ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများနှင့် နောက်ထပ်မံမဖြစ်ပွားရေးအတွက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Prerating- SOP)ရေးဆွဲပြုစုရေး မြို့နယ် ကော်မတီမှ ရွှေတောင် မြို့နယ်အတွင်း ရှိ ရပ်ကွက် / ကျေးရွာအုပ်စု လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများစာရင်းကောက်ယူရေးအဖွဲ့တို့နှင့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများအပေါ်မြေပြင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်း စံနှုန်းများ အသိပညာပေး အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လုပ်ငန်းကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင် နှင့်အတွင်းရေးမှူးတို့က လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ၊ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများနှင့် နောက်ထပ်မံမဖြစ်ပွားစေရေးအတွက်ဆောင်ရွက်ရမည့်နည်းလမ်းများ၊လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Prerating- SOP)ရေးဆွဲပြုစုရေး ဆိုင်ရာကိစ္စရပ်များ၊လယ်ယာမြေဥပဒေ၊နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်များကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment