တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား လက်နက်များတပ်ဆင်ပေးပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ ဝင်များအား လက်နက်များတပ်ဆင်ပေးပြီ




MNP ၊ စက်တင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား  လက်နက်များတပ်ဆင်အပ်နှင်းခြင်း၊  စစ်ဝတ်ပစ္စည်း များနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၉ ရက်နှင့် ယနေ့ တို့တွင် ပြုလုပ် ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက် ကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူ့စစ်များအတွက် ရိက္ခာများထောက်ပံ့ပေးအပ်မည့် အစီအမံများ ကိုလည်းကောင်း၊ ဗိုလ်ချုပ်အောင်ပိုင်ဦးက ပြည်သူ့စစ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကိုလည်းကောင်း အသီးသီး  ရှင်းလင်း ပြောကြားသည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ အား လက်နက်များ အပ်နှင်းပေးသည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများနှင့် စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသည့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)