MNP ၊ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်(၉)နာရီအချိန် ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က ဌာနဆိုင် ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ပါက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများရှိလျှင် ပြတ်တောက်ရသည့်အကြောင်းအရင်းများကို အချိန်နှင့်တပြေးညီတင်ပြဆောင်ရွက်ရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် ရာတွင်ဌာနဆိုင်ရာများအနေဖြင့် စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ပညာရေးဌာနမှ လာမည့်နှစ်တွင် ဆို၊က၊ရေးတီးပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင် စီစဉ်ဆောင်ရွက်ထားရန် စသည့် အကြောင်းအရာများအားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ဆောင်ရွက်မည့်အစီအစဉ်များအားအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
နော်နော်မူ
https://t.me/MyanmarNationalPost
No comments:
Post a Comment