စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ အသိပညာပေးဟောပြောပွဲ အ-ထ-က-ရွှေသောင်ယံကျောင်းတွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာများ အသိပညာပေးဟောပြောပွဲ အ-ထ-က-ရွှေသောင်ယံကျောင်းတွင်ကျင်းပ


MNP ၊  စက်တင်ဘာ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က ရွှေသောင်ယံ စာသင်ကျောင်းတွင် ယနေ့ နံနက်(၉)နာရီက Grade-9 ကျောင်းသူ၊ ကျောင်းသားများနှင့် ကျောင်းသား မိဘများအား ကျောင်းအုပ်ဆရာမကြီးမှ တွေ့ဆုံ၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်သည်။


ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအနေဖြင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဘာသာရပ်များအား စိတ်ဝင်စားမှုရှိပါက တက်ရောက်သင်ကြားခွင့်ရနိုင်ရန် အခွင့်အရေးတစ်ရပ်အနေဖြင့် အသိပညာပေး ပြောကြားခြင်းဖြစ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade-9 ပညာပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စိတ်ဝင်စားမှု ရှိပါက ဘာသာရပ်အလိုက် သင်ကြားခွင့်ရမည်ဖြစ်ကြောင်း ယခုအခါ ဧရာဝတီ တိုင်းဒေသကြီးတွင် တစ်နေရာ အထက (ကံကြီးဒေါင့်)၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း စက်မှုနည်းပညာအတွက်(၉၀)ဦး၊ စိုက်ပျိုးရေးအတတ်ပညာအတွက် (၃၀)ဦး၊ မွေးမြူရေး အတတ်ပညာအတွက် (၃၀)ဦးစီ သတ်မှတ်ထားကြောင်း သိရသည်။


ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ သတ်မှတ်အရည်အချင်းများ၊ နိုင်ငံတော်မှ ထောက်ပံ့ ပေးမည့် အစီအစဉ်များ၊ ပေးအပ်မည့် အောင်လက်မှတ်များ၊ ပညာရေးလမ်းသွယ်များနှင့် ပညာသင်ယူမှုအခွင့်အလမ်းများ၊ စသည်ဖြင့် အကြောင်းအရာပါ ခေါင်းစဉ်(၈)ခု ကို ဟောပြောခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)