ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လက်ဖက် စိုက်တောင်သူများက လက်ဖက်စို၊ လက်ဖက်ခြောက်များ ထုတ်လုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လက်ဖက် စိုက်တောင်သူများက လက်ဖက်စို၊ လက်ဖက်ခြောက်များ ထုတ်လုပ်




MNP ၊  စက်တင်ဘာ  ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လက်ဖက်စိုက်တောင်သူများများက လက်ဖက်စို၊ လက်ဖက်ခြောက် အဆင့်ဆင့်ထုတ်လုပ်ဆောင်ရွက်နေမှုကို ယမန်နေ့၊ ညနေ(၄)နာရီအချိန်က အဆိုပါကျေးရွာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဟုမ္မလင်း​မြို့နယ်စာသုံးသူရေးရာတာဝန်ခံ ဒေါ်ခင်စန်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဖက်တောင်သူများ လက်တလောဖြစ်ပေါ်နေသော လုပ်အားရှားပါးမှုအပေါ် စက်ဖြင့်အသုံးပြု လုပ်ငန်းလည်ပတ်နိုင်လာခြင်း၊ ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်ခြင်း၊ အလေအလွင့်နည်းလာခြင်း၊ လုပ်ငန်းလည်ပတ်မှုလျှင်မြန်ခြင်း၊ သန်းရှင်းသပ်ရပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများကို ဖောင်ဆောင်နိုင်ခြင်းနှင့် လုပ်သားအင်အားလိုအပ်မှု သက်သာလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လက်ဖက်လုပ်ငန်းအတွက် ချေးငွေထုတ်ယူသူ တောင်သူ(၁၂)ဦးရှိပြီး၊ စုစုပေါင်းကျပ်သန်း(၂၉၇.၅၀)ထုတ်ပေးခဲ့ပြီး၊ စိုက်ဧက(၁၈၇.၈၈) စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွာအုပ်စုတွင် နိုင်ငံ့စီးပွားမြှင့်တင့်ရေးရန်ပုံငွေဖြင့် လက်ဖက်လုပ်ငန်းအတွက် ချေးငွေထုတ်ယူသူ တောင်သူ(၆)ဦးရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment