မိုင်း‌ငေါ့မြို့တွင် လူငယ်၊ လူရွယ်များ ဗလငါးသန်ဖွံ့ဖြိုးတိုးတက်ရေး “လူငယ်စကားဝိုင်း” ပြုလုပ်‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်း‌ငေါ့မြို့တွင် လူငယ်၊ လူရွယ်များ ဗလငါးသန်ဖွံ့ဖြိုးတိုးတက်ရေး “လူငယ်စကားဝိုင်း” ပြုလုပ်‌


MNP ၊  စက်တင်ဘာ  ၁၉

ရှမ်းပြည်နယ်၊(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ ဦးဆောင်ဆွေး‌ နွေးတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန  Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်ပြီး ကျောင်းသား/သူများဖြစ်ကြသော မောင်ဖြိုးစည်သူ Grade-11က “လူငယ်နှင်ပြိုင်ပွဲ”၊ မအိမ့်ကြာဖြူ Grade-11က “လူငယ်နှင့်စိုးရိမ်စိတ်”၊ မအိသဉ္ဇာအောင် Grade-11က “လူငယ်နှင့်ဝါသနာ”၊ မမိုးသန္တာဦး Grade-11က “လူငယ်နှင့်ပရဟိတစိတ်”စသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး မိုင်းငေါ့မြို့နယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ဟန်သက်အောင်က လူငယ်စကားဝိုင်းနှင့်ပတ်သက်၍ ထပ်ဆင့်ဆွေးနွေးပေးခဲ့ပြီး ဆွေး‌နွေးမေးမြန်းသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။      


အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မိုင်းငေါ့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမန်းစိန်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၅၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မြင့်သွယ် 

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)