MNP ၊ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ထွန်းက မီးသတ်ဝတ်စုံများပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ပြီး မီးသတ်ပညာနှင့် ရှာဖွေကယ်ဆယ်ရေး ပညာများအား စက်တင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment