ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက  ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကိုကျင်းပခဲ့ရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မထက်ထက်ဦးက  “ပြည်ထောင်စုခရီးသည်”ကဗျာဖြင့် (ပထမ)ဆုကိုလည်းကောင်း၊ မောင်အောင်ကောင်းပြည့်က “ပိတောက်မယ်”ကဗျာဖြင့် (ဒုတိယ)ဆုကိုလည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မသိမ့်ဖူးစံမှ(ပထမ)ဆုကိုလည်းကောင်း၊ မောင်မင်းအင်အားမှ (ဒုတိယ) ဆုကိုလည်းကောင်း၊ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲတွင် မောင်အောင်ကောင်းပြည့်ဦးဆောင်သော အဖွဲ့မှ (ပထမ)ဆုကိုလည်းကောင်း၊ မပီတိချို ဦးဆောင်သောအဖွဲ့မှ (ဒုတိယ)ဆုကို လည်းကောင်း၊ ပူစီပေါင်းဖောက်ပြိုင်ပွဲတွင် မောင်ရှင်းသန့်ညီတို့အတွဲမှ(ပထမ)ဆုကိုလည်းကောင်း၊ မောင်ကောင်းမြတ်ကျော်တို့အတွဲမှ(ဒုတိယ)ဆုကိုလည်းကောင်းအသီးသီးရရှိခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ဆုရရှိသောကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)