အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်



နေပြည်တော် စက်တင်ဘာ ၂၂

ပခုက္ကူ ဦးအုံးဖေစာပေဆု ရန်ပုံငွေကြီးကြပ်ရေး ကော်မတီကအကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆုများ ယှဉ်ပြိုင်ရန် စာမူများဖိတ်ခေါ်ကြောင်း စာပေဗိမာန်က ယမန်နေ့ရက်စွဲဖြင့် ကြေညာသည်။

ပခုက္ကူဦးအုံးဖေစာပေဆုအတွက် ဝတ္ထုရှည်၊ ဝတ္ထုတိုပေါင်းချုပ်၊ ကဗျာပေါင်းချုပ်၊ ကျမ်းစာပေနှင့် သုတေသနစာပေဟူ၍ ဘာသာရပ်ငါးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။ သတ်မှတ်ထားသော ဘာသာရပ်တိုင်းတွင် တစ်ဦးတည်းက တစ်မျိုးစီပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

ပခုက္ကူဦးအုံးဖေ စာပေဆုအတွက် ပထမဆုငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် လေးသိန်းချီးမြှင့်သွားမည် ဖြစ်သည်။

ပခုက္ကူဦးအုံးဖေစာပေဆု ဘာသာရပ်ငါးမျိုးအတွက် စာပေပြိုင်ပွဲဝင်လိုသူများသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် (သောကြာနေ့) နောက်ဆုံးထား၍ ကိုယ်ရေးရာဇဝင် အပြည့်အစုံ ဓာတ်ပုံနှစ်ပုံဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၃၇) လမ်းနှင့် ကုန်သည်လမ်းထောင့် အမှတ်(၅၂၉-၅၃၁)ရှိ စာပေဗိမာန်သို့ ပေးပို့ရမည်ဖြစ်သည်။ 

နယ်မှ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာတည်းမှူးချုပ် စာပေဗိမာန် အမှတ်(၅၂၉-၅၃၁) ၃၇ လမ်းနှင့်ကုန်သည်လမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်သို့ငွေကျပ် ၁၅၀၀ ဖြင့်ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများနှင့် စည်းကမ်းချက်များကို မှာယူနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)