MNP ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည်။မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ နံနက်ပိုင်းကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရသေ့တောင်မြို့နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့် ရသေ့တောင်မြို့၏ မြို့ကြက်သရေဆောင် စေတီတောင်ဘုရားအလယ် သိမ်တော်ကြီး အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများ နှင့် ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများသည် ရသ့တောင်မြို့၏ ရေဖြန့်ဝေမှုကို အဓိကဆောင်ရွက်နေသည့် ကန်တော်ကြီးရေလှောင်ကန်အား၊ ရေသိုလှောင်နိုင်မှုတာဘောင်ကြံခိုင်မှုများ ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မဟာကန်တော်ကြီးတောရကျောင်းအား သွားရရောက်ပြီး ကျောင်းထိုင်ဆရာတော်ကို သွားရောက်ဖူးမြော်ပြီး ဘုန်းတော်ကြီးကျောင်း အတွက် Honda မီးစက်တစ်လုံးကို လှူဒါန်းပေးခဲ့သည်။ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာ တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ က ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment