ကျောက်ဆည်မြို့နယ်၌ ငရုပ်စိုက်ဧက(၂၂၀၀)ဧက စိုက်ပျိုးပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ ငရုပ်စိုက်ဧက(၂၂၀၀)ဧက စိုက်ပျိုးပြီးဖြစ်




MNP ၊  စက်တင်ဘာ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ငရုပ်စိုက် ဧက (၂၂၀၀) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် (၆၉၂) ငရုပ်မျိုးများ အဓိကထားစိုက်ပျိုးကြောင်းသိရသည်။ 


ငရုပ်သီးနှံသည် ပျိုးထောင်စိုက်ပျိုးရသော သီးနှံတစ်မျိုးဖြစ်ပြီး တစ်ဧက စိုက်ပျိုးမည်ဆိုက မျိုးထုပ်(၁၅)ထုပ်ခန့် ပျိုးထောင်ရကြောင်း၊ စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ဒေသနှင့်မြေအနေအထားကိုကြည့်ပြီး အစိုစိုက် (ရေတင်စိုက်ပျိုးခြင်း)နှင့် အခြောက်စိုက် (ထယ်ရေးပြင်ပြီးမြေတွင် မြေကျင်းတူး၍ ရေလောင်းစိုက်ပျိုးခြင်း) ဟူ၍ ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှတပိုတွဲလအထိ စိုက်ပျိုးကြကြောင်း၊  ခူးဆွတ်ရောင်းချရာတွင် အသီးအစိမ်း ခူးဆွတ်ရောင်းချခြင်း၊ အသီးအမှဲ့အစို ခူးဆွတ်ရောင်းချခြင်းများနှင့် ဈေးကွက်မကောင်းပါက အခြောက်လှန်း ရောင်ချခြင်းများ ပြုလုပ်ကြကြောင်းနှင့် (၁)ဧက ကုန်ကျစရိတ်မှာ မြေပြင်ချိန်မှ အခင်းဖျက်သိမ်းသည်အထိ ငွေကျပ်(၃၀)သိန်းကျော် ကုန်ကြကြောင်း စပါယ်တောကျေးရွာမှ တောင်သူ ဦးကျော်သိန်းက ပြောပြသည်။


ငရုပ်သီးနှံများကို ပန်းခွာ-ကျီးပြ-သင်ပျို-ကျီးအိပ်-ဒွေးလှ-ငါးဆူ-ရှားပင်-ဒါန်းတိုင်-ရန်ဘက်လို-ပေတော-ဘုံကွင်း-စင်းကွန်း- ညောင်ရွေ- သင်ပုတ်- ဇရပ်ဖြူ- ငါးအိုး- ရွာနန်း- လက်ပန်- ညောင်ဝန်း- ကြောင်ပန်း ကုန်း- တောင်နောက်- သင်တောင်း- အင်တိုင်း- ပြည်ပန်းဖောင်ရွာ- ကြက်မင်းတွန်- ပတ္တာ-ပင်တလည်- သမန္တလင်း- မြင်းကဘက်- မုန့်ပေါင်း- လက်ပန်ဇင်- အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး- သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း- မင်းစု-စပါယ်တော- ရွှေအင်း- လေးဆယ်ကုန်း- တောတွင်- မြေစိုပယ်- ဟံမြင့်မိုရ်-လယ်ကြီး- ပုန်းညက်ကျေး- ကျားကာ- သံရွာ- ခါးတက်ကုန်း- ဆူးလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း-ပေါင်လောင်- တောင်တော်- ကင်းကျေးရွာအုပ်စုများတွင် စိုက်ပျိုးကြပြီး စုစုပေါင်း(၂၂၀၀)ဧက စိုက်ပျိုးထားကြောင်း  သိရသည်။


သက်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)