ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်





MNP ၊  စက်တင်ဘာ  ၈

ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီက သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်ရာ ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။


သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာ၊ မြို့နယ်အား/ ကာဦးစီးဌာနဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် ပြည်သူများအပါအဝင် စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးတက်ရောက်ကာ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်နှင့် ဓာတ်ပုံကျွမ်းကျင်း-၂ ဦးသန်းထွန်းအောင်တို့က သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းသင်ခန်းစာမှတ်စုစာအုပ်မှ "ဘ" ခြောက်လုံးဖြင့်  အခြေခံသတင်းရေးသားနည်းနှင့် သတင်းဓာတ်ပုံနှင့် ကျင့်ဝတ်ဆိုင်ရာများ စသည့်အကြောင်းအရာများကို ပြန်လည်မျှဝေပေးခဲ့ပြီး  သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။


အဆိုပါသင်တန်းကို သင်တန်းကာလနှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် သတင်းရေးသားနည်းအတတ်ပညာကို ခေတ်ကာလနှင့်အညီ တတ်မြောက်ထားစေရန်နှင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်လျှင်လက်တွေ့အသုံးချတတ်စေရန်နှင့် ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)