MNP ၊ စက်တင်ဘာ ၈
စိုက်ပျိုးရေးမွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် မျိုးကောင်း မျိုးသန့်ပွားများရေး လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ ငါ့သရောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောပြားကျေးရွာအုပ်စု အိုရင်းကျေးရွာတွင် မိုးမြေပဲ(ဆင်းပဒေသာ-၁၁) မျိုးသန့်ပွား ပန်းတိုင်(၁၀) ဧက စံပြကွက်အား၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံရာသီတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမျိုးသန့်ပွားစံပြကွက်၏ စိုက်နည်းစနစ်၊ မျိုးကောင်းမျိုးသန့်၏ အရည်အချင်း လက္ခဏာများ၊ ပိုးမွှားရောဂါ စနစ်တကျကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝမြေသြဇာနှင့် ကျောက်မှုန့် မြေသြဇာအချိန်ကိုက်ထည့်သွင်းနည်းများအား တောင်သူများ သိရှိလေ့လာနိုင်ရန် ကွင်းသရုပ်ပြပွဲအား ဆောင်ရွက်ချင်းဖြစ်ကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန် ထံမှ သိရသည်။
ကွင်းသရုပ်ပြပွဲကို ၈.၉.၂၀၂၃ ရက်နေ့နံနက် ၉ နာရီအချိန်တွင် အိုရင်းကျေးရွာတောင်သူ ဦးဘမော်၏ မိုးမြေပဲ မျိုးသန့်ပွာစိုက်ခင်းတွင် ကျင်းပခဲ့ပြီး။ ဌာနဆိုင်ရာဝန်ထမ်း ၁၁၊ အိုရင် ကျေးရွာနှင့်ရွာနီးဆက်ကျေးရွာများမှတောင်သူ ၄၉ ဦး၊ စုစုပေါင်း ၆၀ ဦးတက်ရောက်လေ့လာခဲ့ ကြောင်းသိရသည်။ ထို့နောက်တောင်သူများမှ သိရှိလိုသည့် မေမြန်းချက်များကို သက်ဆိုင်သူများမှ ပြန်လည်ဖြေကြားခဲ့ပြီး တက်ရောက်လာသူများအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment