ပုလောမြို့နယ် ကျောက်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ သိန်း (၇၀၀)ကို အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ် ကျောက်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ သိန်း (၇၀၀)ကို အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး





MNP ၊  စက်တင်ဘာ  ၈

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး၊ မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှုနှုန်းကို လျော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အခြားမိသားစုဝင်ငွေများ တိုးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ အဋ္ဌမအကြိမ်အရင်းငွေထုတ်ချေးခြင်း အခမ်းအနားကို ပြည်ခြားကျေးရွာအုပ်စု ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ် ဦးစီးမှူးဒေါ်ခင်ပြည့်စုံဦးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးရခြင်း၏ရည်ရွယ်ချက်များ၊ အတိုးနှုန်း သတ်မှတ်ခြင်းများ၊ ကာလသတ်မှတ်ခြင်းနှင့် ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်  ကျောက်မှော်ရွာ၌ စိုက်ပျိုးရေး၊မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသူအသင်းသား (၄၆) ဦးရှိပြီး၊ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၇၀၀)သိန်းကို အဋ္ဌမအကြိမ် ထုတ်ချေးခြင်းဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေသိန်း(၇၀၀)ကို အသင်းသူ အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။


အေးအေးမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)