မန်တုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်တုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အလယ်တန်းကျောင်း (ခွဲ)၊ ဟိုခို၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲတွင် မန်တုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော်နှင့် တပ်ဖွဲ့ဝင် (၄) ဦးက မြန်မာနိုင်ငံနှင့် မြေမြှုပ်မိုင်းအန္တရာယ်၊ မိုင်းအမျိုးအစားများ၊ မိုင်းကြောင့် အသက်ဆုံးရှုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်ခြင်းများကို အသီးသီးရှင်းလင်း ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment