MNP ၊ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ဦးဆောင်မှုဖြင့် မကွေးမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ရောင်းချဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသွားရောက် ကြည့်ရှုအားပေးသည်။
ထိုသို့ ရောင်းချပေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်အသင်းတို့နှင့် ပူးပေါင်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့မှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၁)ပြည် (၂၆၅၀) ကျပ်နှုန်း၊ ဆီ (၁) ပိဿာ (၄၅ဝဝိ/-) ကျပ်နှုန်းဖြင့် မကွေးမြို့၊ သိင်္ဂါဂီရိ ရပ်ကွက် “သီရိမင်္ဂလာ” ဓမ္မာရုံရှေ့တွင် အိမ်ထောင်စု (၁၁၀၀) စုအတွက် ဆန် (၃၀၀) ပြည်၊ ဆီ (၁၁၀၀) ပိဿာ၊ မင်္ဂလာဈေးရှေ့တွင် အိမ်ထောင်စု (၁၁၀၀) စုအတွက် ဆီ (၁၁၀၀) ပိဿာ၊ ဆန် (၇၂၀) ပြည်၊ ဆားရွှေကင်း ရပ်ကွက်၊ ကင်းကျောင်း ဓမ္မာရုံရှေ့တွင် အိမ်တောင်စု (၅၅၀) စုအတွက် ဆန် (၁၈၀) ပြည်၊ ဆီ (၅၅၀) ပိဿာနှင့် မယ်လှတောင်ကျေးရွာအုပ်စု၊ ချောင်းဖြူကျေးရွာ ရွာလယ်ဓမ္မာရုံရှေ့တွင် အိမ်တောင်စု (၅၅၀) စုအတွက် ဆီ (၅၅၀) ပိဿာတို့ကို သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာ စနစ်တကျ ရောင်းချပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်၍ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြောကြားသည်။
ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် စားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ ဒေသခံပြည်သူများ စားသုံးဆီဖူလုံစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းချိတ်ဆက်၍ သတ်မှတ်ဈေးနှုန်းအတိုင်း ဈေးနှုန်းချိုသာစွာဖြင့် စနစ်တကျ ရောင်းချဆောင်ရွက်ပေးလျက်ရှိပြီး၊ နေ့စဉ်လူမှုစီးပွားဘဝ အထောက်အပံ့ဖြစ်စေရေး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များကိုလည်း ဆက်လက်ရောင်းချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ
https://t.me/MyanmarNationalPost
No comments:
Post a Comment