MNP - စက်တင်ဘာ ၂၃
ပရီးမီးယားလိဂ်ပွဲစဉ် ၆အဖြစ် စနေ့နေ့(ယနေ့)ညမှာ ပရီးမီးယားလိဂ်ပွဲစဉ်၆ပွဲ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ခရစ္စတယ်ပဲလေ့စ် - ဖူဟမ် (မြန်မာစံတော်ချိန် ည ၈:၃၀)
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ဖူဟမ်အသင်းတို့ဟာ ပဲလေ့စ်အိမ်ကွင်း ဆဲဟတ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။အိမ်ကွင်းမာကျောတဲ့ ပဲလေ့စ်တို့ နိုင်ပွဲရဖို့ကြိုးစားလိမ့်မယ်။ဒါပေမယ့် အာဆင်နယ်ကို အဝေကွင်းမှာ အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တဲ့ ဖူဟမ်ကို လျော့တွက်လို့မရဘူး။ကစားသမားနှင့် ခြေစွမ်းပိုင်းအရ နှစ်သင်းစလုံး အတူတူလောက်ဘဲဆိုပေမယ့် ဖူဟမ်တို့ ခက်ခဲတဲ့ အဝေးကွင်းနိုင်ပွဲ ရယူသွားလိမ့်မယ်။(ခန့်မှန်းရလဒ် ခရစ္စတယ်ပဲလေ့စ် ၀ - ၁ ဖူဟမ်)
လူတန်တောင်း - ဝုလ်ဗ် (မြန်မာစံတော်ချိန် ည ၈:၃၀)
လူတန်တောင်းအသင်းနှင့် ဝူဗာဟမ်တန်အသင်းတို့ဟာ လူတန်တောင်းအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ဝုလ်ဗ်က နောက်ဆုံး၅ပွဲမှာ ၄ရှုံးထားပေမယ့် အဲဗာတန်ကိုတော့ နိုင်ထားတယ်။လူတန်တောင်းက ပရီးမီးယားလိဂ်အဆင့်အတန်မျိုး မဟုတ်ဘူး ကစားသမားအရည်အသွေး၊ ကစားပုံအားလုံး တစ်ဆင့်နိမ့်နေတယ်။ဝံပုလွေတို့ သေချာပေါက် အနိုင်ကန်လိမ့်မယ်။(ခန့်မှန်းရလဒ် လူတန်တောင်း ၀ - ၂ ဝုလ်ဗ်)
မန်စီးတီး - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ည ၈:၃၀)
မန်ချက်စတာစီးတီးအသင်းနှင့် နော်တင်ဟမ်ဖောရက်စ်အသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။စီတီဇင်တို့က နိုင်ပွဲတွေဆက်နေတယ်၊ခြေစွမ်းကောင်းဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လိုအပ်တဲ့ အနိုင်ရလဒ်ကို ရအောင် စွမ်းနိုင်တဲ့အသင်းဖြစ်တာကြောင့် ဖောရက်စ်အနေနဲ့ တုံ့ပြန်ဖို့ မလွယ်ပါဘူး၊အိမ်ကွင်းမှာ မန်စီးတီးတို့ ဂိုးပြတ်နိုင်ပွဲရယူလိမ့်မယ်။(ခန့်မှန်းရလဒ် မန်စီးတီး ၃ - ၀ နော်တင်ဟမ်ဖောရက်စ်)
ဘရန့်ဖို့ဒ် - အဲဗာတန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် ည ၁၁:၀၀ နာရီ)
ဘရန့်ဖို့ဒ်အသင်းနှင့် အဲဗာတန်အသင်းတို့ဟာ ဘရန့်ဖို့ဒ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ဘရန့်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ် (၄) ပွဲအပြီးမှာ (၁) ပွဲနိုင်၊ (၃) ပွဲသရေ ကစားထားပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ နယူးကာဆယ်အသင်းကို ကပ်ရှုံးခဲ့တယ်။ ဒါပေမဲ့ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းက ကစားပုံကောင်းပြီး နယူးကာဆယ်ကို အကြီးအကျယ် အခက်တွေ့စေခဲ့တယ်။ အဲဗာတန်က စိတ်ပိုင်း၊ ရုပ်ပိုင်း အဖက်ဖက်က ကျဆင်းနေတယ်။ ဘရန့်ဖို့ဒ်ပဲ နိုင်ပွဲရလိမ့်မယ်။(ခန့်မှန်းရလဒ် ဘရန့်ဖို့ဒ် ၁ - ၀ အဲဗာတန်)
ဘန်လေ - မန်ယူ (မြန်မာစံတော်ချိန် နံနက် ၁:၃၀)
မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဘန်လေအသင်းတို့ဟာ မန်ယူအိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။မန်ယူက ရလဒ်တွေ တောက်လျှောက်ဆိုးဝါးနေပြီး ဒီနေ့ပွဲက အကောင်းဆုံးပြန်လာပြရမယ့်ပွဲပါ။ကွန်ပရီရဲ့ ဘန်လေကလည်း ဒီရာသီ ထင်သလောက်ဖြစ်လာခဲ့ဘူး။ဒါပေမယ့် မန်ယူကလည်း ပွဲပန်းတဲ့ဒဏ်၊ ဒဏ်ရာရကစားတွေများနေတဲ့ ဒဏ်တွေကြောင့် အများမျှော်လင့်လို့မရပါဘူး။ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ သရဲနီတို့ အနိုင်ရသွားလိမ့်မယ်။(ခန့်မှန်းရလဒ် ဘန်လေ ၀ - ၁ မန်ယူ)
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment