MNP ၊ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ ညနေပိုင်းက မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှု၍ ရွှေဘုံသာဘုရား တန်ဆောင်း ယာယီရေဘေးရှောင်စခန်းရှိ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လွန်ဆေးမြိုင် ပန်းခြံ အနီးဆည်မြောင်း စွန့်ပစ်ရေကာတာဘေး တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား ခဲ့သော နေရာ၌ ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များ ပြုလုပ်ထားရှိ၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကြည်ဆွေနှင့် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့က တာတမံအခြေအနေနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် ဧရာဝတီ မြစ်ကမ်းဘေးမြစ်ရေဝင်ရောက်နေမှု အခြေအနေကို ကြည့်ရှု၍ ရွှေဘုံသာဘုရားတန်ဆောင်းရှိ ယာယီရေဘေးရှောင်စခန်းနေ ပြည်သူများနှင့် တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်
https://t.me/MyanmarNationalPost
No comments:
Post a Comment