မော်လိုက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနက ကြီးမှူးကျင်းပသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က အလက(ခွဲ) တပ်နယ်ကျောင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ အလက(ခွဲ)တပ်နယ် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း က သဘာဝပတ်ဝန်းကျင်နှင့် စွန့်ပစ်ပလတ်စတစ်ပစ္စည်းများအန္တရာယ် ခေါင်းစဉ်ဖြင့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးပြောကြားပြီး အားကစားနှင့် ကာယပညာဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းထိန်က လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြသည်။ ယင်းနောက် ပြန်/ဆက်ဦးစီးဌာနမှ “လူငယ်နှင့်မူးယစ်ဆေး”၊ “အရွယ်မရောက်သေးသူ ကလေး သူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး”၊ “ကလေးအလုပ်သမားပပျောက်ရေး”၊ “အသေးစား အလတ်စားနှင့် အငယ်စား(MSME) စီးပွားရေးလုပ်ငန်းများ”၊ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် တားဆီးကာကွယ်ရေး” ခေါင်းစဉ်များဖြင့် ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသူ/ ကျောင်းသားများ ကြည့်ရှုလေ့လာကြသည်။


အဆိုပါ ဟောပြောပွဲသို့  ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် အားကစားမှူးများနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ/ ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)