KIA အဖွဲ့လက်အောက်တွင် အကြမ်းဖက်သမားများအဖြစ် တာဝန်ထမ်းဆောင်နေသည့် PDF ၅ ဦး လက်နက်ခဲယမ်းများအပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

KIA အဖွဲ့လက်အောက်တွင် အကြမ်းဖက်သမားများအဖြစ် တာဝန်ထမ်းဆောင်နေသည့် PDF ၅ ဦး လက်နက်ခဲယမ်းများအပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်






MNP ၊ စက်တင်ဘာ ၈

KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လူသတ်အကြမ်းဖက်လုပ်ရပ်များအပေါ် ရွံရှာလာသည့်အတွက် PDF ၅ ဦး သည် သေနတ် ၃ လက်၊ တရုတ်လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဗန်းမော်မြို့ရှိ လုံခြုံရေးအအဖွဲ့များနှင့် ချိတ်ဆက်လာသဖြင့် ယနေ့ နံနက်ပိုင်းက ၎င်းတို့ကို ကြိုဆိုလက်ခံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဆိုးသွမ်းယုတ်မာရက်စက်သော KIA လက်အောက်တွင် အကြမ်းဖက်သမားများအဖြစ် တာဝန်ထမ်းဆောင်နေရသူများအား နယ်မြေခံ တပ်မမှူးဦးစီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုပြီး  လက်နက်များ အပ်နှံဝင်ရောက်လာသည့်အတွက် ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အချက်များကို ရှင်းလင်းပြောကြားပြီး မိဘအုပ်ထိန်သူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရက PDF အပါအဝင် အကြမ်းဖက်အဖွဲ့များအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားပေါ် မူတည်၍ ဆုငွေများ ထုတ်ပေးလျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)