နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်



MNP ၊  စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး ဟောပြောပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် “နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ “အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပေါင်ခန့်လန်က “အသင့်စားမုန့်များဘေးအန္တရာယ် ကင်းရှင်းရေး” နှင့် “ကုန်အညွှန်းအမှတ်အသားများအကြောင်း သိကောင်းစရာ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာပေး၊ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၀) ဦးတက်ရောက်ခဲ့ကြောင်း   သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)