ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်






MNP ၊  စက်တင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များဖလှယ်၍ ဆွေးနွေးတတ်စေရန်အတွက် ရည်ရွယ်၍  စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်အား ဆွေးနွေးကြရာတွင် (Book Club) အဖွဲ့ဥက္ကဋ္ဌ၊ စာရေးဆရာဦးကျော်ဆွေဝင်းက လူငယ်နှင့်စူးစမ်းစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဖြူးမြို့မ (၂)၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ်ဆရာကြီးဦးဇော်လွင်က လူငယ်နှင့်တာဝန်သိမှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးဖြူဝင်းက လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ပရိသတ်ဦးသန်းဆွေက ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ပရိသတ်များနှင့် ကျောင်းသား/ ကျောင်းသူများကလည်း သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။


အဆိုပါစာဖတ်ဝိုင်းသို့ (Book Club) အဖွဲ့ဝင်များ၊  စာဖတ်ပရိသတ်များနှင့် ကျောင်းသား/ ကျောင်းသူများ  စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)